Sunday, October 6, 2019

YTU တွင် Diploma, Master ဖြေဆိုမည့်သူများအတွက် အတွက် အင်္ဂလိပ်စာလမ်းညွှန်

        YTU တွင် Diploma, Master ဖြေဆိုမည့်သူများအတွက် အတွက်
 အင်္ဂလိပ်စာလမ်းညွှန်
YTU မှာ Diploma နဲ့ Master ဖြေဆိုမယ့်သူတွေက အင်္ဂလိပ်စာကို 6.5.2019 ရက်နေ့မှာ ဖြေရမှာ ဖြစ်ပါတယ်။ Diploma နဲ့ Master အတွက် မေးခွန်းပုံစံအတူတူမို့ နှစ်ခုစလုံးစာ ဆွေးနွေးပေးပါမယ်။ 
နှစ်စဉ် မေးခွန်းပုံစံတွေက ထပ်တူမကျဘဲ နည်းနည်းစီပြောင်းလဲမှုတွေရှိပါတယ်။ (အခု ၂၀၁၉ နဲ့ ၂၀၁၈ မေးခွန်းပုံစံကတော့ တူပါတယ်) မေးပုံလည်း ပြောင်းလဲပါတယ်။ ဒါကြောင့် ပုံစံတစ်ခုတည်းကို အသေမှတ်ပြီး လေ့ကျင့်နေရင် အပြိုင်အဆိုင် ကြိုးစားကြတဲ့သူတွေထဲမှာ နောက်ကျကျန်နိုင်တာမို့ ပညာသားပါပါ ပြင်ဆင်ပြီး ဖြေဆိုမှသာ အဆင်ပြေနိုင်ပါတယ်။ အခု လမ်းညွှန်တွေ ပေးရတဲ့ ရည်ရွယ်ချက်ကလည်း ဆရာ/မတွေနဲ့ မသင်ကြားနိုင်ဘဲ အခက်အခဲရှိသူတွေ ပိုပြီးလွယ်လွယ်ကူကူပြင်ဆင်နိုင်အောင်လို့ပါပဲ။
ကျွန်တော်တို့ ဒီနှစ် (2019) မေးခွန်းပုံစံကို ကြည့်မယ်ဆိုရင် မေးခွန်းနံပါတ် ၇ ခုပါတာ တွေ့ရပါမယ်။
I. Reading Comprehension
II. Cloze Type
III. Tenses
IV. Vocabulary
V. Preposition
VI. Word Order
VII. Argumentative Essay
ကျွန်တော်တို့ မေးခွန်းပုံစံအရ နံပါတ်တစ်ခုချင်းစီ ကြည့်ကြပါမယ်။ နံပါတ် (I) ကတော့ ထုံးစံအတိုင်း Reading Comprehension ပါ။ ဘယ်စာအုပ်ကြည့်ရမယ်၊ ဘာဖတ်ထားရမယ်လို့ မရှိပါဘူး။ Unseen passage ပေးထားပြီး ဖြေခိုင်းမှာပါပဲ။ သတိထားသင့်တာက ၂၀၁၇ နဲ့ ၂၀၁၈ မှာ Reading Comprehension ကို မေးပုံနည်းနည်းပြောင်းလဲလာပါတယ်။ ခေါင်းစဉ်တပ်ပေးခိုင်းတာတို့၊ ဝေါဟာရနဲ့ တွဲမေးတာတို့လုပ်လာပါတယ်။ ဒီတော့ ပြင်ဆင်တဲ့အခါ သတိထားရပါမယ်။ ကျွန်တော် ၂၀၁၇ မေးခွန်းအတွက် ရှင်းပြ၊ ဖြေပြပေးထားတာရှိပါတယ်။ ဒီ link မှာ ကြည့်ပါ။ 
2017 တုန်းက မေးခဲ့တဲ့ မေးခွန်းဟောင်းနဲ့ရှင်းလင်းချက် >> https://m.facebook.com/story.php?story_fbid=1659024657485012&id=100001324820385

Reading Comprehension ဖြေနည်းလမ်းညွှန်။ ဒါကတော့ ဘယ်သူမဆို ဖတ်လို့ရပါတယ် >> 
https://m.facebook.com/story.php… အတွက်လည်း ဖြေပေးထားပါမယ်။ အဲဒါလေးတွေကို နမူနာယူလေ့လာမယ်ဆိုရင် အတော်အဆင်ပြေမယ်ထင်ပါတယ်။
နံပါတ် (II) က Cloze Type ပါ။ အသေးစိတ်ရှင်းလင်းချက် ပြောပြထားဖူးပါတယ်။ ဒီ link မှာ ကြည့်ပါ။
Cloze Type >>
ဗီဒီယိုလေးနဲ့ သင်ပြဖို့လည်း စိတ်ကူးရှိပါတယ်။ စိတ်ဝင်စားရင် သင်ပေးမှာပေါ့နော်။
နံပါတ် (III) က Tenses တွေပါ။ သင်ကြားပေးထားတာတွေ ရှိပါတယ်။ ဒီ link မှာ ဖတ်ကြည့်ပါ။ 
Tenses >> 
မေးခွန်း နံပါတ် (IV) ကတော့ Vocabulary ပါ။ ဒါအတွက်ကတော့ စာလုံးတစ်ခုစီရဲ့ Noun/Verb/Adjective/Adverb စတဲ့ပုံစံတွေကို သိထားရပါမယ်။ မေးခွန်းပေါ်မူတည်ပြီး ဒီနေရာက Noun ဖြစ်နိုင်သလား။ ဒါဆိုရင် Noun ပုံပြောင်းထည့် စသည်ဖြင့် စဉ်းစားတတ်ရပါမယ်။ Cloze Type တုန်းက မှတ်စုလေးတွေကို ပြန်အသုံးချဖို့ လိုပါလိမ့်မယ်။ Vocabulary ကို မေးနိုင်တဲ့ မေးခွန်းပုံစံက ကျယ်ပြန့်တဲ့အတွက် ကောင်းနိုးရာရာ အဓိပ္ပာယ်ဆင်တူ ဆန့်ကျင်ဘက်စကားလုံးတွေ၊ prefix, suffix တွေ ရွေးချယ်ဖတ်မှတ်ထားမယ်ဆို အဆင်ပြေပါလိမ့်မယ်။ 
နံပါတ် (V) Prepostition က အမျိုးစုံမေးနိုင်ပါတယ်။ preposition နဲ့ပတ်သက်ပြီး ရေးထားတာတချို့ ရှိပါတယ်။ ဒီ link တွေမှာကြည့်ပါ။
Preposition >>

Preposition နဲ့ပတ်သက်တာတွေက ကျယ်ပြန့်တဲ့အတွက် ဆက်ပြီးလည်း ရေးပါမယ်။ 
နံပါတ် (VI) Word Order က စာလုံးတွေကို ဗြောက်သောက်စီထားပြီး မှန်မှန်ကန်ကန် စီပေးရတာမျိုးပါ။ ဖြေတော့မယ်ဆိုရင် အခြေခံဝါကျပုံစံဖြစ်တဲ့ Sub+Verb+Obj ပုံစံ စ စဉ်းစားပါ။ main verb ကိုရှာ၊ သူနဲ့တွဲဖက်ရမယ့် Sub နဲ့ Obj စဉ်းစာ။ Adj ပါရင် ဘယ် Noun နဲ့ တွဲမလဲ။ စကားဆက်ကိုရော ဘယ်နားထည့်ရင် ကောင်းမလဲစဉ်းစားပါ။ ရှည်တဲ့ ဝါကျတွေကို တစ်ကြောင်းလုံး တစ်ခါတည်းစီမသွားဘဲ သေချာတဲ့အတွဲလိုက်ကလေးတွေ စုပြီးဖြေသွားရင် မှန်နိုင်ချေများပါတယ်။ သင်ပြပေးထားတာ ရှိပါတယ်။ ဒီ link တွေမှာ ကြည့်ပါ။
နောက်ဆုံး နံပါတ် (VII) Argumentative Writing ဆိုတာက အဆို (statement) တစ်ခုပေးထားတာကို လက်ခံ-မခံ၊ သဘောတူ-မတူ စသည်ဖြင့်ဆွေးနွေးပေးရတဲ့ပုံစံပါ။ ယေဘုယျအားဖြင့် နိဒါန်းအရင်စပါ။ ပေးထားတဲ့ statement ကို အဓိပ္ပာယ်အပြောင်းဘဲ ကိုယ်ပိုင်ဝါကျနဲ့ ထည့်ရေးပါ။ For or Against နှစ်သက်ရာ ရွေးလို့ရပါတယ်။ ဒါပေမဲ့ အချက်အလက်များအောင်၊ ကိုယ့်ရဲ့အမြင် ကျယ်ပြန့်ကြောင်းပြနိုင်အောင် အချက်နှစ်ချက်စလုံးပါအောင် ပါးပါးနပ်နပ်ရေးသင့်ပါတယ်။ နိဂုံးမှာ ကိုယ့်ရဲ့အမြင်သုံးသပ်ချက် ထည့်ပြီး နိဂုံးချုပ်ပါ။ သင်ပြထားတာ ရှိပါတယ်။ ဒီမှာ ဖတ်ပါ။
Argumentative Writing အတွက် ဒီမှာဖတ်ပါ >>
တစ်ဦးနဲ့တစ်ဦး အချက်အလက်တွေမျှဝေ၊ သတင်းတွေမျှဝေလိုသူတွေ “ME ဖြေဆိုမည့်သူများအတွက် အကူအညီ” ဆိုတဲ့ Grop ကို Join နိုင်ပါတယ်။ >

No comments:

Post a Comment