Thursday, October 10, 2019

Word Order ဖြေဆိုနည်း လမ်းညွှန် (ဆရာစည်သူထက်)




ဆရာ့ဆောင်းပါးမလာခင် စကားနည်းနည်းပြောပါရစေ ဒီနှစ် ဝင်ခွင့်မှာ Word Order ကို တော်တော်လည်း ကြိုက်ပါတယ် မမေးတာကြာပြီမို့ ပြန်မေးလာနိုင်တယ်။ များများလေ့ကျင့်ပေးပါလို့ အကြံပြုပါတယ်။ လေ့ကျင့်ခန်းလည်း များများတင်ပေးပါ့မယ်။

Word Order ဖြေဆိုနည်း လမ်းညွှန်

=========================


 Word Order နဲ့ ပတ်သက်ပြီး မေးကြလို့ နမူနာလေ့ကျင့်စရာလေးတွေရယ် စဉ်းစားပုံလေးတွေရယ် နည်းနည်း ပြောပြပါမယ်။
 ဒီစာကြောင်းကို ကြည့်ပါ။
 A / coast / of / North / storm / has / America / tropical / hit / the
 ပထမဆုံးအနေနဲ့ ပေးထားတဲ့ စာကြောင်းလေး ဖတ်ကြည့်ပြီး စကားစုလေးတွေ လုပ်ကြည့်ရအောင်။ Subject က ဘာဖြစ်နိုင်သလဲ။ A နဲ့ စတယ်။ ဒါဆို နောက်က noun ဖြစ်ရမယ်။ A storm ပေါ့။ ဒါပေမဲ့ tropical ဆိုတဲ့ adj လည်းတွေ့သေးတယ်ဆိုတော့ storm ဆိုတဲ့ noun ရှေ့က ထပ်ထည့်။ A tropical storm ။ verb ဖြစ်နိုင်တာကို ကြည့်ရင် has နဲ့ hit ။ Object နေရာကို စဉ်းစားမယ် ဘာကို hit သလဲ။ ကမ်းရိုးတန်းပေါ့။ the coast … ဒါပေမဲ့ of / North / America ဆိုတာလည်း ကျန်တော့ ထည့်လိုက်မယ်။ ဘယ်ကမ်းရိုးတန်းဖြစ်မလဲ။ မြောက်အမေရိက ရဲ့ ကမ်းရိုးတန်း။ အိုကေ…အင်္ဂလိပ်လိုဆို the coast of North America ပေါ့။ ပေါင်းရေးမယ်ဆိုရင် -
 A tropical storm has hit the coast of North America.

 နောက်တစ်ကြောင်း ကြည့်မယ်။
 Strong / have / buildings / winds / destroyed / several
 Strong နဲ့ စမယ်ဆိုတာတော့ သိပြီ။ Strong က Adjective လေ။ သူ့ရဲ့ နောက်မှာ Noun ရှိရမယ်။ ဘာဖြစ်နိုင်မလဲ။ winds ပေါ့။ အိုကေ Strong winds တစ်တွဲ မှတ်ထား။ verb ကို စဉ်းစားကြည့်မယ်။ နှစ်ခုတွေ့မယ်။ have နဲ့ destroyed လေ။ ဒါဆိုစဉ်းစားမနေနဲ့ ဒီနှစ်ခု တစ်တွဲထား။ have destroyed ပေါ့။ အိုကေ … object ကို စဉ်းစားမယ်။ have destroyed ဘာကို လုပ်တာလဲ။ အဆောက်အဦး buildings တွေပဲ ဖြစ်မှာပေါ့။ သူ့ရှေ့မှာ ကျန်တဲ့ Adjective ဖြစ်တဲ့ several ထည့်လိုက်။ အကုန်ပြန်တွဲရေးရင် -
 Strong winds have destroyed several buildings.

 ဒီတစ်ခါ ဝါကျရှည်ရှည်လေး ကြည့်မယ်။
 The police / directions / between / motorway / both / in /closed / junction / 5 and 8 / have / the
 ဝါကျအစက The police ဒါကို တစ်တွဲထား။ verb စဉ်းစားကြည့်မယ်။ closed နဲ့့have တွေ့မယ်။ ဒါဆို have closed ပေါ့။ object စဉ်းစားရအောင်။ ဘယ်ဟာကို ပိတ်တာ ဖြစ်မလဲ။ ကားလမ်း motorway ပေါ့။ နောက်ဆုံးမှာ article ဖြစ်တဲ့ the ကိုလည်း တွေ့တယ်ဆိုတော့ တွဲလိုက်ဦး။ the motorway ရမယ်။ between ဆိုတာလည်း စဉ်းစားမယ်။ နှစ်ခုကြားဆိုတဲ့ အဓိပ္ပာယ်ဆိုတော့ ဘယ်နှစ်ခုကြားဖြစ်မလဲ။ between junction 5 and 8 ပေါ့။ ကျန်တဲ့ စာလုံးတွေ ပြန်ကြည့်။ directions / both / in ဒါဆို လွယ်တယ်။ in both directions ပဲ။ ဒီတော့ အကုန်လုံးကို နေရာချကြည့်မယ်။
 The police have closed the motorway in both directions between junction 5 and 8.

 She / keys / the / put / opened / and / in / her / on / the letters / hall / table / the
 ဒါကိုလည်း ဖြေကြည့်မယ်။ verb ကို အရင် ရှာကြည့်ရအောင်။ put / opened / ဒါတွေ တွေ့တယ်မလား။ နှစ်ခုစလုံးက သီးခြား verb တွေပဲ။ ဒီတော့ တစ်ချက်ချင်းစီ စဉ်းစားရမယ်။ Subject စ စဉ်းစားမယ်။ She ပေါ့။ verb တစ်ခု ယူမယ် …put ။ Object စဉ်းစားမယ်။ ဘာကို ထားမလဲ။ keys ပေါ့။ ဒါပေမဲ့ her ဆိုတဲ့ စကားလုံးလည်း ရှိနေတော့ her keys ။ နောက်ပြီးတော့ table တို့ hall တို့လည်း တွေ့နေတော့ ဆက်စဉ်းစားမယ်။ သော့တွေကို ဘယ်နားထားမလဲ။ စားပွဲပေါ်ပဲ ဖြစ်ရမယ်။ on the table ဆိုပြီး တွဲလိုက်ပါ။ hall လည်းပါတယ်။ ဒီတော့ in the hall ။ ဝါကျက နှစ်ပိုင်းဖြစ်နိုင်တာ သတိရနော်။ and နဲ့ ဆက်မယ်။ verb နဲ့ ပြန်စ။ opened ..ဖွင့်တယ်။ ဘာကို ဖွင့်သလဲ။ စာပဲ ဖြစ်မှာပေါ့.. the letters ။ ရပြီး ဝါကျတွေ ပြန်ဆက်မယ်။
 She put her keys on the table in the hall and opened the letters.

 ဒီဝါကျကိုလည်း ကြည့်မယ်။
 He / the / engineer / an / rig / and / in /  is / oil / works  / an / North Sea / he / on
 ဝါကျ အကုန် ဖတ်ကြည့်သွားလေ။ He နဲ့ စမယ်။ ပြီးရင် verb ကို စဉ်းစား။ is နဲ့ works ရှိမယ်။ ဒီနှစ်ခုကို တွဲလို့ မရဘူး။ ဒီတော့ သီးခြား အပိုင်းနှစ်ပိုင်း ပါမှာပဲ။ and ပါတော့ ဆက်ပေးရမယ်ဆိုတာ ပိုသေချာသွားပြီ။ He is ဆိုပြီး တွဲလိုက်မယ်။ သူက ဘာဖြစ်သလဲ။ engineer ပေါ့။ ဒါပေမဲ့ ရေတွက်လို့ ရတဲ့ တစ်ခုကိန်းနာမ်တွေကို သူ့ချည်း သုံးလို့ မရဘူး။ article ထည့်ပေးရတယ်။ အိုကေ an engineer ဆိုပြီး ရမယ်။ He is an engineer ဆိုပြီး ဖြစ်သွားပြီ။ ဝါကျကို and နဲ့ ဆက်မယ်။ ပြီးတော့ verb ဖြစ်တဲ့ works နဲ့ ဆက်ပေါ့။ ဘယ်မှာ အလုပ်လုပ်တာလဲ။ on an oil rig ရေနံတူးစင်ပေါ်မှာ။ the / in / North Sea ကျန်သေးတယ်။ တွဲပေးလိုက်။ in the North Sea .. ။ အကုန် တွဲတဲ့အခါမှာ -
 He is an engineer and he works on an oil rig in the North Sea.

 ဒီလောက်ဆို အထိုက်အလျောက် သဘောပေါက်ပြီ ထင်တယ်။ ဖြေတဲ့အခါ ဒီလောက်အဆင့်ဆင့် စဉ်းစားရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကတော့ မျက်လုံးလေး ဝေ့ကြည့်ရုံနဲ့ သိနိုင်တာပေါ့။ ဒါပေမဲ့ စာရေးတဲ့အခါမှာတော့ အဆင့်ဆင့် ရေးပေးရတာပါ။ ဖြေတဲ့အခါ အလေ့အကျင့်ရှိရင် မခက်လှတာ တွေ့ပါလိမ့်မယ်။
 ကိုယ့်ဘာသာ လေ့ကျင့်ချင်တဲ့သူတွေကတော့ ဒီလေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါဦး။
1. When / is / sleeps / duty / he / not / always / a lot / he / on
2. He  /all / he / at / doesn’t / usually  / home / work / the / when  / time / is
3. He / because / have / any / came / money / did not / home / he
4. In / was / afternoon / tired / Lucy / the
5. His / went / children / taking / to / wife / her / Australia / the / with
6. I / when / computer  / few / free I / a / got / games / bought / my
7. It / to / healthily / you / is / pregnant / important / when / eat / are
8. Two / the / people / employed by / hundred  / company / are
9. I / back / hear / very / the / the / couldn’t / theatre / was  / at / well / of / and / sitting
10. Columbus / America  / from / voyage /  his / Europe / in / made / first / 1492 / to
11. Jane / a / same / been / job / doing  / for / long time / has / the / very
12. George / the / about / talks / things / always / same
13. It / that / passed / was / exam / surprising / he / the
14. Advertisements / often / picture / men / include / the / a /  of / at / pretty / aimed / girl
15. A day / time / takes  / is / exact  / earth / the / of / the / to / time / around / length / turn / one
16. Pocket  / shoes / pair/  as / to / cheap / a / are / as / of / calculators / buy
17. There / complicating  / an / factor /  here / is  / too / additional
18. One of / visit / is /  interesting / to in / most  /Singapore / park / the / places / the / bird
19. Habits / daily / headaches / of / produce / living / also
20. Rice / part / Indonesian / important / in / an /hundreds / plays /dishes / of
21. The / this / to / an / patient / for / afternoon / appointment / like / make / would
22. Teaching / students / rewarding / very / develop / is / can / because / see / we
23. The / next / is / doctor / meeting / going / an / week / to / international
24. We / to / telephone / a / can / we / answers / lot / get / because / use / quickly / questions

အကြောင်းအရာစုံကို တစ်စုတစ်ဝေးတည်း လိုချင်တဲ့ မိတ်ဆွေများက ကွန်ပျုတာရဲ့ Browser မှာ www.sithuhtet.blogspot.com ဆိုပြီး ရိုက်ရှာ၊ ခေါင်းစဉ်တွေ အများကြီးမှာ လိုတာလေးတွေ ကြည့်နိုင်ပါတယ် :)

No comments:

Post a Comment