Sunday, October 6, 2019

Mandalay Technological University တွင် ME ဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာ လမ်းညွှန်

Mandalay Technological University တွင် ME ဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာ လမ်းညွှန်


ပုံမှန်ဆိုရင် ကျွန်တော်က YTU အတွက် ရေးပေးတာပဲ များပါတယ်။ ဒါပေမဲ့ MTU မှာ ဖြေကြမယ့်သူတွေကလည်း ရေးပေးပါဆိုတဲ့အတွက် လေ့လာသင့်တာလေးတွေ ညွှန်းပေးပါမယ်။
(2019-2020) ပညာသင်နှစ်အတွက် ပြင်ဆင်ထားရမယ့် မေးခွန်းပုံစံက မေးခွန်း ၇ ခုပါပါတယ်။
I. Reading Comprehension
II. Argumentative Writing
III. Articles/Prepositions
IV. Choosing correct words (Vocabulary)
V. Tenses
VI. Stylistic Transformation
VII. Essay
ကျွန်တော်တို့ တစ်ခုချင်းစီကို ကြည့်ရအောင်။
နံပါတ် I Reading Comprehension အတွက်က ပုံမှန်အတိုင်း စာတစ်ပုဒ်ကို ပေးထားပြီးတော့ အဲဒါနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်။ ဖြေတဲ့အခါ စာပိုဒ်ကို လုံးစေ့ပတ်စေ့နားလည်အောင် ဖတ်နေရင် အချိန်မမီနိုင်တာ သတိထားရပါမယ်။ ဒီတော့ ယေဘုယျသဘော ခြုံငုံနားလည်အောင်ဖတ်တဲ့ Skimming နဲ့ လိုချင်တဲ့အချက်အလက်တွေရအောင် ဖတ်တဲ့ Scanning ကို အသုံးချပြီး ဖတ်ရပါမယ်။ အလေ့အကျင့်တော့လိုပါတယ်။ ကျွန်တော် စာပိုဒ်တွေကို ဖြေပုံဖြေနည်းအသေးစိတ် ရှင်းပြပြီး ရေးထားတာတွေတော့ ရှိပါတယ်။ အဲဒီမှာ လေ့လာကြည့်ပါ။
YTU Reading >>
https://m.facebook.com/story.php?story_fbid=1960747420646066&id=100001324820385

2014 တောင်ကြီးတက္ကသိုလ် >>
 https://m.facebook.com/story.php?story_fbid=1411145335606280&id=100001324820385
ဆယ်တန်းအတွက် >>
https://m.facebook.com/story.php?story_fbid=2128940570493416&id=100001324820385

https://m.facebook.com/story.php?story_fbid=1695017403885737&id=100001324820385
နံပါတ် II. Argumentative Writing အတွက်က အသေးစိတ်ပြောပြထားတာတွေ ရှိပါတယ်။ ဒီ link မှာ ကြည့်ပါ။
Argumentative Writing >
https://m.facebook.com/story.php?story_fbid=2049694491751358&id=100001324820385
နံပါတ် III. Articles/Prepositions တွေအတွက် ရေးထားတာတွေ ရှိပါတယ်။ ဒီ link တွေမှာ ကြည့်ကြည့်ပါ။ အပြည့်အစုံရေးထားတာ မရှိသေးတဲ့အတွက် ထပ်ရေးပါမယ်။
Articles >>
https://m.facebook.com/story.php?story_fbid=1067124243341726&id=100001324820385

Preposition >>
https://m.facebook.com/story.php?story_fbid=2092347527486054&id=100001324820385

https://m.facebook.com/story.php?story_fbid=1955916461129162&id=100001324820385
နံပါတ် IV. Choosing correct words (Vocabulary) ကတော့ ဖြစ်နိုင်တဲ့ မေးခွန်းပုံစံတွေ အများကြီးရှိပါတယ်။ မှန်းဆပြောရရင် ကွက်လပ်လေးပေးထားပြီး ဆင်တူယိုးမှားစကားလုံးလေးတွေ A. B. C. D စသည်ဖြင့် ပေးထားပြီး ဖြည့်ခိုင်းတာတို့၊ မေးခွန်းထဲက စာလုံးတစ်လုံးကို ဆင်တူတဲ့စာလုံးတွေ ရွေးခိုင်းတာတို့ ဖြစ်နိုင်ပါတယ်။ ဒါတွေအတွက် မေးခွန်းကို သေချာဖတ်ပါ။ ဘာသာပြန်ကြည့်ပါ။ ရွေးခိုင်းတဲ့ စာလုံးတွေထဲမှာ မဖြစ်နိုင်တာတွေ အရင် ပယ်ထုတ်လိုက်ပါ။ ပြီးမှ ကျန်တဲ့စာလုံးတွေထဲက ဖြစ်နိုင်ချေအများဆုံးစာလုံးရွေးပါ။ ဒါဆို မှန်နိုင်ချေ အတော်များပါတယ်။ ဘယ်စာအုပ်ကြည့်ရမှန်းမသိဖြစ်နေရင် အခု ဆယ်တန်းမှာမေးနေတဲ့ မေးခွန်းနံပါတ် III ပုံစံက စာတွေနဲ့ လေ့ကျင့်ထားပေါ့။ အကျိုးမယုတ်ပါဘူး။
နံပါတ် V Tenses တွေအတွက် သင်ပြထားတာရှိပါတယ်။ ဒါပေမဲ့ ဒါတွေက ခဏချင်း တတ်တဲ့ဟာတွေတော့ မဟုတ်ပါဘူး။ သေချာ ဖတ်ရှုလေ့ကျင့်ရပါတယ်။ ကျွန်တော့် Online Grammar သင်တန်းမှာတော့ Parts of Speech/ Articles/ Prepositions/ Tenses စတာတွေကို စာတွေ၊ ဗီဒီယိုတွေ၊ လေ့ကျင့်ခန်းတွေ၊ အဖြေတွေနဲ့ သင်ကြားပေးနေတာ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေက သင်တန်းကြေးပေးသွင်းပြီး သင်နေသူတွေအတွက် ဖြစ်တာကြောင့် အလွယ်တကူမျှဝေလို့ မရပါဘူး။ တခြားရေးထားတာတွေ ပေးပါမယ်။ ဒီ link မှာ ယူလိုက်နော်
Tenses >>
https://m.facebook.com/story.php?story_fbid=1308724442515037&id=100001324820385
နံပါတ် VI. Stylistic Transformation အတွက်က ဆယ်တန်း Grammar စာအုပ်တစ်အုပ်လောက်ကို ဝယ်ပြီး လေ့ကျင့်ပြင်ဆင်ပါ။ များလို့ အကုန်မကြည့်နိုင်ရင် Reported Speech/Active & Passive/There is no/Degrees in Comparison စတာတွေကို လေ့လာပါ။ ကံကောင်းရင် သုံးလေးမှတ်တော့ ရမှာပေါ့ :P
နောက်ဆုံးနံပါတ် VII ကတော့ ဘယ်ခေါင်းစဉ်လာမလဲ ဘယ်သိပါ့မလဲနော်။ ဒါပေမဲ့ အင်ဂျင်နီယာဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ အင်္ဂလိပ်စာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒါတွေ နည်းနည်းကြည့်သွားပေါ့။ မေးခွန်းထုတ်မယ့်ဆရာမကြီး ကျွန်တော့် ဒီစာဖတ်မိပြီး အကုန်ရှောင်မေးသွားရင်တော့ ကံပဲပေါ့။ ဒီတော့ ဘာလာလာအဆင်ပြေအောင် ရေးနည်းကို စဉ်းစားပါ။ နိဒါန်းဆိုတာ ပြောချင်တဲ့ အကြောင်းအရာကို ဖြည်းဖြည်းချင်းမိတ်ဆက်ပေးတဲ့အရာပါ။ ဒီတော့ နိဒါန်းမှာ အချက်အလက်တွေ အတုံးလိုက်အတစ်လိုက် မထည့်ပါနဲ့။ စာကိုယ်မှာမှ ထည့်ပါ။ စာကိုယ်ကို စရေးတဲ့အခါမှာ အဓိကပြောချင်တဲ့အချက်တွေ အကြမ်းတို့ထားပါ။ အဲဒီ အဓိကအချက်တစ်ခုချင်းစီကို ရှင်းပြပါ၊ ဥပမာပေးပါ၊ နှိုင်းယှဉ်ပြပါ၊ ဆင့်ပွားပြပါ။ နိဂုံးကတော့ ကိုယ့်ရဲ့ အမြင်သုံးသပ်ချက်တွေနဲ့ အချက်အလက်တွေကို စုစည်းပြီး ပြန်ချုပ်ပါ။ ဒါဆိုရင် အတော့်ကို ပြည့်စုံတဲ့ Essay ဖြစ်သွားမှာပေါ့။
ခုလောက်ဆို အင်္ဂလိပ်စာအတွက် ဘယ်က စရမလဲ သိလောက်ပြီပေါ့နော်။ လိုအပ်တာ ရှိသေးရင် comment မှာ ပြောခဲ့ပါ။ messenger မှာတော့ ကျွန်တော့် online သင်တန်းအတွက် message တွေဝင်တာနဲ့တင်များနေလို့ ကျွန်တော် ဖြေပေးနိုင်မှာမဟုတ်ပါဘူး။ ဘာပဲလိုလို comment ပဲ ပေးပါခင်ဗျာ။
ကွန်ပျူတာနဲ့ www.sithuhtet.blogspot.com ကို ဝင်ကြည့်မယ်ဆိုရင်လည်း အတော် အထောက်အကူရနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေ 
ME ဖြေဆိုမယ့်သူများ သတင်းတွေ share နိုင်အောင်၊ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့ အကူအညီပေးနိုင်အောင် Group ဖွဲ့ထားတာရှိပါတယ်။ ဒီ group ကို join နိုင်ပါတယ် >> https://www.facebook.com/groups/317286325798312/

No comments:

Post a Comment