Showing posts with label ဆရာစည်သူထက်၏သင်ခန်းစာများ. Show all posts
Showing posts with label ဆရာစည်သူထက်၏သင်ခန်းစာများ. Show all posts

Thursday, October 10, 2019

Word Order ဖြေဆိုနည်း လမ်းညွှန် (ဆရာစည်သူထက်)




ဆရာ့ဆောင်းပါးမလာခင် စကားနည်းနည်းပြောပါရစေ ဒီနှစ် ဝင်ခွင့်မှာ Word Order ကို တော်တော်လည်း ကြိုက်ပါတယ် မမေးတာကြာပြီမို့ ပြန်မေးလာနိုင်တယ်။ များများလေ့ကျင့်ပေးပါလို့ အကြံပြုပါတယ်။ လေ့ကျင့်ခန်းလည်း များများတင်ပေးပါ့မယ်။

Word Order ဖြေဆိုနည်း လမ်းညွှန်

=========================


 Word Order နဲ့ ပတ်သက်ပြီး မေးကြလို့ နမူနာလေ့ကျင့်စရာလေးတွေရယ် စဉ်းစားပုံလေးတွေရယ် နည်းနည်း ပြောပြပါမယ်။
 ဒီစာကြောင်းကို ကြည့်ပါ။
 A / coast / of / North / storm / has / America / tropical / hit / the
 ပထမဆုံးအနေနဲ့ ပေးထားတဲ့ စာကြောင်းလေး ဖတ်ကြည့်ပြီး စကားစုလေးတွေ လုပ်ကြည့်ရအောင်။ Subject က ဘာဖြစ်နိုင်သလဲ။ A နဲ့ စတယ်။ ဒါဆို နောက်က noun ဖြစ်ရမယ်။ A storm ပေါ့။ ဒါပေမဲ့ tropical ဆိုတဲ့ adj လည်းတွေ့သေးတယ်ဆိုတော့ storm ဆိုတဲ့ noun ရှေ့က ထပ်ထည့်။ A tropical storm ။ verb ဖြစ်နိုင်တာကို ကြည့်ရင် has နဲ့ hit ။ Object နေရာကို စဉ်းစားမယ် ဘာကို hit သလဲ။ ကမ်းရိုးတန်းပေါ့။ the coast … ဒါပေမဲ့ of / North / America ဆိုတာလည်း ကျန်တော့ ထည့်လိုက်မယ်။ ဘယ်ကမ်းရိုးတန်းဖြစ်မလဲ။ မြောက်အမေရိက ရဲ့ ကမ်းရိုးတန်း။ အိုကေ…အင်္ဂလိပ်လိုဆို the coast of North America ပေါ့။ ပေါင်းရေးမယ်ဆိုရင် -
 A tropical storm has hit the coast of North America.

 နောက်တစ်ကြောင်း ကြည့်မယ်။
 Strong / have / buildings / winds / destroyed / several
 Strong နဲ့ စမယ်ဆိုတာတော့ သိပြီ။ Strong က Adjective လေ။ သူ့ရဲ့ နောက်မှာ Noun ရှိရမယ်။ ဘာဖြစ်နိုင်မလဲ။ winds ပေါ့။ အိုကေ Strong winds တစ်တွဲ မှတ်ထား။ verb ကို စဉ်းစားကြည့်မယ်။ နှစ်ခုတွေ့မယ်။ have နဲ့ destroyed လေ။ ဒါဆိုစဉ်းစားမနေနဲ့ ဒီနှစ်ခု တစ်တွဲထား။ have destroyed ပေါ့။ အိုကေ … object ကို စဉ်းစားမယ်။ have destroyed ဘာကို လုပ်တာလဲ။ အဆောက်အဦး buildings တွေပဲ ဖြစ်မှာပေါ့။ သူ့ရှေ့မှာ ကျန်တဲ့ Adjective ဖြစ်တဲ့ several ထည့်လိုက်။ အကုန်ပြန်တွဲရေးရင် -
 Strong winds have destroyed several buildings.

 ဒီတစ်ခါ ဝါကျရှည်ရှည်လေး ကြည့်မယ်။
 The police / directions / between / motorway / both / in /closed / junction / 5 and 8 / have / the
 ဝါကျအစက The police ဒါကို တစ်တွဲထား။ verb စဉ်းစားကြည့်မယ်။ closed နဲ့့have တွေ့မယ်။ ဒါဆို have closed ပေါ့။ object စဉ်းစားရအောင်။ ဘယ်ဟာကို ပိတ်တာ ဖြစ်မလဲ။ ကားလမ်း motorway ပေါ့။ နောက်ဆုံးမှာ article ဖြစ်တဲ့ the ကိုလည်း တွေ့တယ်ဆိုတော့ တွဲလိုက်ဦး။ the motorway ရမယ်။ between ဆိုတာလည်း စဉ်းစားမယ်။ နှစ်ခုကြားဆိုတဲ့ အဓိပ္ပာယ်ဆိုတော့ ဘယ်နှစ်ခုကြားဖြစ်မလဲ။ between junction 5 and 8 ပေါ့။ ကျန်တဲ့ စာလုံးတွေ ပြန်ကြည့်။ directions / both / in ဒါဆို လွယ်တယ်။ in both directions ပဲ။ ဒီတော့ အကုန်လုံးကို နေရာချကြည့်မယ်။
 The police have closed the motorway in both directions between junction 5 and 8.

 She / keys / the / put / opened / and / in / her / on / the letters / hall / table / the
 ဒါကိုလည်း ဖြေကြည့်မယ်။ verb ကို အရင် ရှာကြည့်ရအောင်။ put / opened / ဒါတွေ တွေ့တယ်မလား။ နှစ်ခုစလုံးက သီးခြား verb တွေပဲ။ ဒီတော့ တစ်ချက်ချင်းစီ စဉ်းစားရမယ်။ Subject စ စဉ်းစားမယ်။ She ပေါ့။ verb တစ်ခု ယူမယ် …put ။ Object စဉ်းစားမယ်။ ဘာကို ထားမလဲ။ keys ပေါ့။ ဒါပေမဲ့ her ဆိုတဲ့ စကားလုံးလည်း ရှိနေတော့ her keys ။ နောက်ပြီးတော့ table တို့ hall တို့လည်း တွေ့နေတော့ ဆက်စဉ်းစားမယ်။ သော့တွေကို ဘယ်နားထားမလဲ။ စားပွဲပေါ်ပဲ ဖြစ်ရမယ်။ on the table ဆိုပြီး တွဲလိုက်ပါ။ hall လည်းပါတယ်။ ဒီတော့ in the hall ။ ဝါကျက နှစ်ပိုင်းဖြစ်နိုင်တာ သတိရနော်။ and နဲ့ ဆက်မယ်။ verb နဲ့ ပြန်စ။ opened ..ဖွင့်တယ်။ ဘာကို ဖွင့်သလဲ။ စာပဲ ဖြစ်မှာပေါ့.. the letters ။ ရပြီး ဝါကျတွေ ပြန်ဆက်မယ်။
 She put her keys on the table in the hall and opened the letters.

 ဒီဝါကျကိုလည်း ကြည့်မယ်။
 He / the / engineer / an / rig / and / in /  is / oil / works  / an / North Sea / he / on
 ဝါကျ အကုန် ဖတ်ကြည့်သွားလေ။ He နဲ့ စမယ်။ ပြီးရင် verb ကို စဉ်းစား။ is နဲ့ works ရှိမယ်။ ဒီနှစ်ခုကို တွဲလို့ မရဘူး။ ဒီတော့ သီးခြား အပိုင်းနှစ်ပိုင်း ပါမှာပဲ။ and ပါတော့ ဆက်ပေးရမယ်ဆိုတာ ပိုသေချာသွားပြီ။ He is ဆိုပြီး တွဲလိုက်မယ်။ သူက ဘာဖြစ်သလဲ။ engineer ပေါ့။ ဒါပေမဲ့ ရေတွက်လို့ ရတဲ့ တစ်ခုကိန်းနာမ်တွေကို သူ့ချည်း သုံးလို့ မရဘူး။ article ထည့်ပေးရတယ်။ အိုကေ an engineer ဆိုပြီး ရမယ်။ He is an engineer ဆိုပြီး ဖြစ်သွားပြီ။ ဝါကျကို and နဲ့ ဆက်မယ်။ ပြီးတော့ verb ဖြစ်တဲ့ works နဲ့ ဆက်ပေါ့။ ဘယ်မှာ အလုပ်လုပ်တာလဲ။ on an oil rig ရေနံတူးစင်ပေါ်မှာ။ the / in / North Sea ကျန်သေးတယ်။ တွဲပေးလိုက်။ in the North Sea .. ။ အကုန် တွဲတဲ့အခါမှာ -
 He is an engineer and he works on an oil rig in the North Sea.

 ဒီလောက်ဆို အထိုက်အလျောက် သဘောပေါက်ပြီ ထင်တယ်။ ဖြေတဲ့အခါ ဒီလောက်အဆင့်ဆင့် စဉ်းစားရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကတော့ မျက်လုံးလေး ဝေ့ကြည့်ရုံနဲ့ သိနိုင်တာပေါ့။ ဒါပေမဲ့ စာရေးတဲ့အခါမှာတော့ အဆင့်ဆင့် ရေးပေးရတာပါ။ ဖြေတဲ့အခါ အလေ့အကျင့်ရှိရင် မခက်လှတာ တွေ့ပါလိမ့်မယ်။
 ကိုယ့်ဘာသာ လေ့ကျင့်ချင်တဲ့သူတွေကတော့ ဒီလေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါဦး။
1. When / is / sleeps / duty / he / not / always / a lot / he / on
2. He  /all / he / at / doesn’t / usually  / home / work / the / when  / time / is
3. He / because / have / any / came / money / did not / home / he
4. In / was / afternoon / tired / Lucy / the
5. His / went / children / taking / to / wife / her / Australia / the / with
6. I / when / computer  / few / free I / a / got / games / bought / my
7. It / to / healthily / you / is / pregnant / important / when / eat / are
8. Two / the / people / employed by / hundred  / company / are
9. I / back / hear / very / the / the / couldn’t / theatre / was  / at / well / of / and / sitting
10. Columbus / America  / from / voyage /  his / Europe / in / made / first / 1492 / to
11. Jane / a / same / been / job / doing  / for / long time / has / the / very
12. George / the / about / talks / things / always / same
13. It / that / passed / was / exam / surprising / he / the
14. Advertisements / often / picture / men / include / the / a /  of / at / pretty / aimed / girl
15. A day / time / takes  / is / exact  / earth / the / of / the / to / time / around / length / turn / one
16. Pocket  / shoes / pair/  as / to / cheap / a / are / as / of / calculators / buy
17. There / complicating  / an / factor /  here / is  / too / additional
18. One of / visit / is /  interesting / to in / most  /Singapore / park / the / places / the / bird
19. Habits / daily / headaches / of / produce / living / also
20. Rice / part / Indonesian / important / in / an /hundreds / plays /dishes / of
21. The / this / to / an / patient / for / afternoon / appointment / like / make / would
22. Teaching / students / rewarding / very / develop / is / can / because / see / we
23. The / next / is / doctor / meeting / going / an / week / to / international
24. We / to / telephone / a / can / we / answers / lot / get / because / use / quickly / questions

အကြောင်းအရာစုံကို တစ်စုတစ်ဝေးတည်း လိုချင်တဲ့ မိတ်ဆွေများက ကွန်ပျုတာရဲ့ Browser မှာ www.sithuhtet.blogspot.com ဆိုပြီး ရိုက်ရှာ၊ ခေါင်းစဉ်တွေ အများကြီးမှာ လိုတာလေးတွေ ကြည့်နိုင်ပါတယ် :)

Sunday, October 6, 2019

Mandalay Technological University တွင် ME ဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာ လမ်းညွှန်

Mandalay Technological University တွင် ME ဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာ လမ်းညွှန်


ပုံမှန်ဆိုရင် ကျွန်တော်က YTU အတွက် ရေးပေးတာပဲ များပါတယ်။ ဒါပေမဲ့ MTU မှာ ဖြေကြမယ့်သူတွေကလည်း ရေးပေးပါဆိုတဲ့အတွက် လေ့လာသင့်တာလေးတွေ ညွှန်းပေးပါမယ်။
(2019-2020) ပညာသင်နှစ်အတွက် ပြင်ဆင်ထားရမယ့် မေးခွန်းပုံစံက မေးခွန်း ၇ ခုပါပါတယ်။
I. Reading Comprehension
II. Argumentative Writing
III. Articles/Prepositions
IV. Choosing correct words (Vocabulary)
V. Tenses
VI. Stylistic Transformation
VII. Essay
ကျွန်တော်တို့ တစ်ခုချင်းစီကို ကြည့်ရအောင်။
နံပါတ် I Reading Comprehension အတွက်က ပုံမှန်အတိုင်း စာတစ်ပုဒ်ကို ပေးထားပြီးတော့ အဲဒါနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်။ ဖြေတဲ့အခါ စာပိုဒ်ကို လုံးစေ့ပတ်စေ့နားလည်အောင် ဖတ်နေရင် အချိန်မမီနိုင်တာ သတိထားရပါမယ်။ ဒီတော့ ယေဘုယျသဘော ခြုံငုံနားလည်အောင်ဖတ်တဲ့ Skimming နဲ့ လိုချင်တဲ့အချက်အလက်တွေရအောင် ဖတ်တဲ့ Scanning ကို အသုံးချပြီး ဖတ်ရပါမယ်။ အလေ့အကျင့်တော့လိုပါတယ်။ ကျွန်တော် စာပိုဒ်တွေကို ဖြေပုံဖြေနည်းအသေးစိတ် ရှင်းပြပြီး ရေးထားတာတွေတော့ ရှိပါတယ်။ အဲဒီမှာ လေ့လာကြည့်ပါ။
YTU Reading >>
https://m.facebook.com/story.php?story_fbid=1960747420646066&id=100001324820385

2014 တောင်ကြီးတက္ကသိုလ် >>
 https://m.facebook.com/story.php?story_fbid=1411145335606280&id=100001324820385
ဆယ်တန်းအတွက် >>
https://m.facebook.com/story.php?story_fbid=2128940570493416&id=100001324820385

https://m.facebook.com/story.php?story_fbid=1695017403885737&id=100001324820385
နံပါတ် II. Argumentative Writing အတွက်က အသေးစိတ်ပြောပြထားတာတွေ ရှိပါတယ်။ ဒီ link မှာ ကြည့်ပါ။
Argumentative Writing >
https://m.facebook.com/story.php?story_fbid=2049694491751358&id=100001324820385
နံပါတ် III. Articles/Prepositions တွေအတွက် ရေးထားတာတွေ ရှိပါတယ်။ ဒီ link တွေမှာ ကြည့်ကြည့်ပါ။ အပြည့်အစုံရေးထားတာ မရှိသေးတဲ့အတွက် ထပ်ရေးပါမယ်။
Articles >>
https://m.facebook.com/story.php?story_fbid=1067124243341726&id=100001324820385

Preposition >>
https://m.facebook.com/story.php?story_fbid=2092347527486054&id=100001324820385

https://m.facebook.com/story.php?story_fbid=1955916461129162&id=100001324820385
နံပါတ် IV. Choosing correct words (Vocabulary) ကတော့ ဖြစ်နိုင်တဲ့ မေးခွန်းပုံစံတွေ အများကြီးရှိပါတယ်။ မှန်းဆပြောရရင် ကွက်လပ်လေးပေးထားပြီး ဆင်တူယိုးမှားစကားလုံးလေးတွေ A. B. C. D စသည်ဖြင့် ပေးထားပြီး ဖြည့်ခိုင်းတာတို့၊ မေးခွန်းထဲက စာလုံးတစ်လုံးကို ဆင်တူတဲ့စာလုံးတွေ ရွေးခိုင်းတာတို့ ဖြစ်နိုင်ပါတယ်။ ဒါတွေအတွက် မေးခွန်းကို သေချာဖတ်ပါ။ ဘာသာပြန်ကြည့်ပါ။ ရွေးခိုင်းတဲ့ စာလုံးတွေထဲမှာ မဖြစ်နိုင်တာတွေ အရင် ပယ်ထုတ်လိုက်ပါ။ ပြီးမှ ကျန်တဲ့စာလုံးတွေထဲက ဖြစ်နိုင်ချေအများဆုံးစာလုံးရွေးပါ။ ဒါဆို မှန်နိုင်ချေ အတော်များပါတယ်။ ဘယ်စာအုပ်ကြည့်ရမှန်းမသိဖြစ်နေရင် အခု ဆယ်တန်းမှာမေးနေတဲ့ မေးခွန်းနံပါတ် III ပုံစံက စာတွေနဲ့ လေ့ကျင့်ထားပေါ့။ အကျိုးမယုတ်ပါဘူး။
နံပါတ် V Tenses တွေအတွက် သင်ပြထားတာရှိပါတယ်။ ဒါပေမဲ့ ဒါတွေက ခဏချင်း တတ်တဲ့ဟာတွေတော့ မဟုတ်ပါဘူး။ သေချာ ဖတ်ရှုလေ့ကျင့်ရပါတယ်။ ကျွန်တော့် Online Grammar သင်တန်းမှာတော့ Parts of Speech/ Articles/ Prepositions/ Tenses စတာတွေကို စာတွေ၊ ဗီဒီယိုတွေ၊ လေ့ကျင့်ခန်းတွေ၊ အဖြေတွေနဲ့ သင်ကြားပေးနေတာ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေက သင်တန်းကြေးပေးသွင်းပြီး သင်နေသူတွေအတွက် ဖြစ်တာကြောင့် အလွယ်တကူမျှဝေလို့ မရပါဘူး။ တခြားရေးထားတာတွေ ပေးပါမယ်။ ဒီ link မှာ ယူလိုက်နော်
Tenses >>
https://m.facebook.com/story.php?story_fbid=1308724442515037&id=100001324820385
နံပါတ် VI. Stylistic Transformation အတွက်က ဆယ်တန်း Grammar စာအုပ်တစ်အုပ်လောက်ကို ဝယ်ပြီး လေ့ကျင့်ပြင်ဆင်ပါ။ များလို့ အကုန်မကြည့်နိုင်ရင် Reported Speech/Active & Passive/There is no/Degrees in Comparison စတာတွေကို လေ့လာပါ။ ကံကောင်းရင် သုံးလေးမှတ်တော့ ရမှာပေါ့ :P
နောက်ဆုံးနံပါတ် VII ကတော့ ဘယ်ခေါင်းစဉ်လာမလဲ ဘယ်သိပါ့မလဲနော်။ ဒါပေမဲ့ အင်ဂျင်နီယာဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ အင်္ဂလိပ်စာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒါတွေ နည်းနည်းကြည့်သွားပေါ့။ မေးခွန်းထုတ်မယ့်ဆရာမကြီး ကျွန်တော့် ဒီစာဖတ်မိပြီး အကုန်ရှောင်မေးသွားရင်တော့ ကံပဲပေါ့။ ဒီတော့ ဘာလာလာအဆင်ပြေအောင် ရေးနည်းကို စဉ်းစားပါ။ နိဒါန်းဆိုတာ ပြောချင်တဲ့ အကြောင်းအရာကို ဖြည်းဖြည်းချင်းမိတ်ဆက်ပေးတဲ့အရာပါ။ ဒီတော့ နိဒါန်းမှာ အချက်အလက်တွေ အတုံးလိုက်အတစ်လိုက် မထည့်ပါနဲ့။ စာကိုယ်မှာမှ ထည့်ပါ။ စာကိုယ်ကို စရေးတဲ့အခါမှာ အဓိကပြောချင်တဲ့အချက်တွေ အကြမ်းတို့ထားပါ။ အဲဒီ အဓိကအချက်တစ်ခုချင်းစီကို ရှင်းပြပါ၊ ဥပမာပေးပါ၊ နှိုင်းယှဉ်ပြပါ၊ ဆင့်ပွားပြပါ။ နိဂုံးကတော့ ကိုယ့်ရဲ့ အမြင်သုံးသပ်ချက်တွေနဲ့ အချက်အလက်တွေကို စုစည်းပြီး ပြန်ချုပ်ပါ။ ဒါဆိုရင် အတော့်ကို ပြည့်စုံတဲ့ Essay ဖြစ်သွားမှာပေါ့။
ခုလောက်ဆို အင်္ဂလိပ်စာအတွက် ဘယ်က စရမလဲ သိလောက်ပြီပေါ့နော်။ လိုအပ်တာ ရှိသေးရင် comment မှာ ပြောခဲ့ပါ။ messenger မှာတော့ ကျွန်တော့် online သင်တန်းအတွက် message တွေဝင်တာနဲ့တင်များနေလို့ ကျွန်တော် ဖြေပေးနိုင်မှာမဟုတ်ပါဘူး။ ဘာပဲလိုလို comment ပဲ ပေးပါခင်ဗျာ။
ကွန်ပျူတာနဲ့ www.sithuhtet.blogspot.com ကို ဝင်ကြည့်မယ်ဆိုရင်လည်း အတော် အထောက်အကူရနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေ 
ME ဖြေဆိုမယ့်သူများ သတင်းတွေ share နိုင်အောင်၊ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့ အကူအညီပေးနိုင်အောင် Group ဖွဲ့ထားတာရှိပါတယ်။ ဒီ group ကို join နိုင်ပါတယ် >> https://www.facebook.com/groups/317286325798312/

YTU တွင် Diploma, Master ဖြေဆိုမည့်သူများအတွက် အတွက် အင်္ဂလိပ်စာလမ်းညွှန်

        YTU တွင် Diploma, Master ဖြေဆိုမည့်သူများအတွက် အတွက်
 အင်္ဂလိပ်စာလမ်းညွှန်
YTU မှာ Diploma နဲ့ Master ဖြေဆိုမယ့်သူတွေက အင်္ဂလိပ်စာကို 6.5.2019 ရက်နေ့မှာ ဖြေရမှာ ဖြစ်ပါတယ်။ Diploma နဲ့ Master အတွက် မေးခွန်းပုံစံအတူတူမို့ နှစ်ခုစလုံးစာ ဆွေးနွေးပေးပါမယ်။ 
နှစ်စဉ် မေးခွန်းပုံစံတွေက ထပ်တူမကျဘဲ နည်းနည်းစီပြောင်းလဲမှုတွေရှိပါတယ်။ (အခု ၂၀၁၉ နဲ့ ၂၀၁၈ မေးခွန်းပုံစံကတော့ တူပါတယ်) မေးပုံလည်း ပြောင်းလဲပါတယ်။ ဒါကြောင့် ပုံစံတစ်ခုတည်းကို အသေမှတ်ပြီး လေ့ကျင့်နေရင် အပြိုင်အဆိုင် ကြိုးစားကြတဲ့သူတွေထဲမှာ နောက်ကျကျန်နိုင်တာမို့ ပညာသားပါပါ ပြင်ဆင်ပြီး ဖြေဆိုမှသာ အဆင်ပြေနိုင်ပါတယ်။ အခု လမ်းညွှန်တွေ ပေးရတဲ့ ရည်ရွယ်ချက်ကလည်း ဆရာ/မတွေနဲ့ မသင်ကြားနိုင်ဘဲ အခက်အခဲရှိသူတွေ ပိုပြီးလွယ်လွယ်ကူကူပြင်ဆင်နိုင်အောင်လို့ပါပဲ။
ကျွန်တော်တို့ ဒီနှစ် (2019) မေးခွန်းပုံစံကို ကြည့်မယ်ဆိုရင် မေးခွန်းနံပါတ် ၇ ခုပါတာ တွေ့ရပါမယ်။
I. Reading Comprehension
II. Cloze Type
III. Tenses
IV. Vocabulary
V. Preposition
VI. Word Order
VII. Argumentative Essay
ကျွန်တော်တို့ မေးခွန်းပုံစံအရ နံပါတ်တစ်ခုချင်းစီ ကြည့်ကြပါမယ်။ နံပါတ် (I) ကတော့ ထုံးစံအတိုင်း Reading Comprehension ပါ။ ဘယ်စာအုပ်ကြည့်ရမယ်၊ ဘာဖတ်ထားရမယ်လို့ မရှိပါဘူး။ Unseen passage ပေးထားပြီး ဖြေခိုင်းမှာပါပဲ။ သတိထားသင့်တာက ၂၀၁၇ နဲ့ ၂၀၁၈ မှာ Reading Comprehension ကို မေးပုံနည်းနည်းပြောင်းလဲလာပါတယ်။ ခေါင်းစဉ်တပ်ပေးခိုင်းတာတို့၊ ဝေါဟာရနဲ့ တွဲမေးတာတို့လုပ်လာပါတယ်။ ဒီတော့ ပြင်ဆင်တဲ့အခါ သတိထားရပါမယ်။ ကျွန်တော် ၂၀၁၇ မေးခွန်းအတွက် ရှင်းပြ၊ ဖြေပြပေးထားတာရှိပါတယ်။ ဒီ link မှာ ကြည့်ပါ။ 
2017 တုန်းက မေးခဲ့တဲ့ မေးခွန်းဟောင်းနဲ့ရှင်းလင်းချက် >> https://m.facebook.com/story.php?story_fbid=1659024657485012&id=100001324820385

Reading Comprehension ဖြေနည်းလမ်းညွှန်။ ဒါကတော့ ဘယ်သူမဆို ဖတ်လို့ရပါတယ် >> 
https://m.facebook.com/story.php… အတွက်လည်း ဖြေပေးထားပါမယ်။ အဲဒါလေးတွေကို နမူနာယူလေ့လာမယ်ဆိုရင် အတော်အဆင်ပြေမယ်ထင်ပါတယ်။
နံပါတ် (II) က Cloze Type ပါ။ အသေးစိတ်ရှင်းလင်းချက် ပြောပြထားဖူးပါတယ်။ ဒီ link မှာ ကြည့်ပါ။
Cloze Type >>
ဗီဒီယိုလေးနဲ့ သင်ပြဖို့လည်း စိတ်ကူးရှိပါတယ်။ စိတ်ဝင်စားရင် သင်ပေးမှာပေါ့နော်။
နံပါတ် (III) က Tenses တွေပါ။ သင်ကြားပေးထားတာတွေ ရှိပါတယ်။ ဒီ link မှာ ဖတ်ကြည့်ပါ။ 
Tenses >> 
မေးခွန်း နံပါတ် (IV) ကတော့ Vocabulary ပါ။ ဒါအတွက်ကတော့ စာလုံးတစ်ခုစီရဲ့ Noun/Verb/Adjective/Adverb စတဲ့ပုံစံတွေကို သိထားရပါမယ်။ မေးခွန်းပေါ်မူတည်ပြီး ဒီနေရာက Noun ဖြစ်နိုင်သလား။ ဒါဆိုရင် Noun ပုံပြောင်းထည့် စသည်ဖြင့် စဉ်းစားတတ်ရပါမယ်။ Cloze Type တုန်းက မှတ်စုလေးတွေကို ပြန်အသုံးချဖို့ လိုပါလိမ့်မယ်။ Vocabulary ကို မေးနိုင်တဲ့ မေးခွန်းပုံစံက ကျယ်ပြန့်တဲ့အတွက် ကောင်းနိုးရာရာ အဓိပ္ပာယ်ဆင်တူ ဆန့်ကျင်ဘက်စကားလုံးတွေ၊ prefix, suffix တွေ ရွေးချယ်ဖတ်မှတ်ထားမယ်ဆို အဆင်ပြေပါလိမ့်မယ်။ 
နံပါတ် (V) Prepostition က အမျိုးစုံမေးနိုင်ပါတယ်။ preposition နဲ့ပတ်သက်ပြီး ရေးထားတာတချို့ ရှိပါတယ်။ ဒီ link တွေမှာကြည့်ပါ။
Preposition >>

Preposition နဲ့ပတ်သက်တာတွေက ကျယ်ပြန့်တဲ့အတွက် ဆက်ပြီးလည်း ရေးပါမယ်။ 
နံပါတ် (VI) Word Order က စာလုံးတွေကို ဗြောက်သောက်စီထားပြီး မှန်မှန်ကန်ကန် စီပေးရတာမျိုးပါ။ ဖြေတော့မယ်ဆိုရင် အခြေခံဝါကျပုံစံဖြစ်တဲ့ Sub+Verb+Obj ပုံစံ စ စဉ်းစားပါ။ main verb ကိုရှာ၊ သူနဲ့တွဲဖက်ရမယ့် Sub နဲ့ Obj စဉ်းစာ။ Adj ပါရင် ဘယ် Noun နဲ့ တွဲမလဲ။ စကားဆက်ကိုရော ဘယ်နားထည့်ရင် ကောင်းမလဲစဉ်းစားပါ။ ရှည်တဲ့ ဝါကျတွေကို တစ်ကြောင်းလုံး တစ်ခါတည်းစီမသွားဘဲ သေချာတဲ့အတွဲလိုက်ကလေးတွေ စုပြီးဖြေသွားရင် မှန်နိုင်ချေများပါတယ်။ သင်ပြပေးထားတာ ရှိပါတယ်။ ဒီ link တွေမှာ ကြည့်ပါ။
နောက်ဆုံး နံပါတ် (VII) Argumentative Writing ဆိုတာက အဆို (statement) တစ်ခုပေးထားတာကို လက်ခံ-မခံ၊ သဘောတူ-မတူ စသည်ဖြင့်ဆွေးနွေးပေးရတဲ့ပုံစံပါ။ ယေဘုယျအားဖြင့် နိဒါန်းအရင်စပါ။ ပေးထားတဲ့ statement ကို အဓိပ္ပာယ်အပြောင်းဘဲ ကိုယ်ပိုင်ဝါကျနဲ့ ထည့်ရေးပါ။ For or Against နှစ်သက်ရာ ရွေးလို့ရပါတယ်။ ဒါပေမဲ့ အချက်အလက်များအောင်၊ ကိုယ့်ရဲ့အမြင် ကျယ်ပြန့်ကြောင်းပြနိုင်အောင် အချက်နှစ်ချက်စလုံးပါအောင် ပါးပါးနပ်နပ်ရေးသင့်ပါတယ်။ နိဂုံးမှာ ကိုယ့်ရဲ့အမြင်သုံးသပ်ချက် ထည့်ပြီး နိဂုံးချုပ်ပါ။ သင်ပြထားတာ ရှိပါတယ်။ ဒီမှာ ဖတ်ပါ။
Argumentative Writing အတွက် ဒီမှာဖတ်ပါ >>
တစ်ဦးနဲ့တစ်ဦး အချက်အလက်တွေမျှဝေ၊ သတင်းတွေမျှဝေလိုသူတွေ “ME ဖြေဆိုမည့်သူများအတွက် အကူအညီ” ဆိုတဲ့ Grop ကို Join နိုင်ပါတယ်။ >